ရှမ်းကိုးမီး ကိုဘာကြောင့် လူကြိုက်များတာလဲ

ရှမ်းကိုးမီး ဟာကစားရလွယ်ကူပြီး ပျော်စရာကောင်းတဲ့ ဖဲဂိမ်းတစ်ခုဖြစ်တာကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။မြန်မာနိုင်ငံတွင်သာမက အာရှနိုင်ငံများကပါ စိတ်၀င်တစား ကစားလာတဲ့ ကစားနည်းဖြစ်ပါတယ်။ရှမ်းကိုးမီးဖဲဂိမ်းကို စဆော့တော့မယ်ဆိုရင် သိထားရမယ့် အခြေခံအချက်လက်လေးတွေရှိပါတယ်။ဒါကြောင့် တစ်ခါမှမဆော့ဖူးတဲ့ မိတ်ဆွေတို့ကို ရှမ်းကိုးမီးကစားနည်း အသေးစိတ်ကို ရှင်းပြပေးလိုက်ပါတယ်။

ရှမ်းကိုးမီး ကစားနည်းအခြေခံ

ကစားနည်းလေးကတော့ ၀ိုင်းတစ်၀ိုင်းမှာ အနည်းဆုံးလူငါးယောက်ကနေ အများဆုံးဆယ်ယောက်အထိ ပါ၀င်ကစားနိုင်ပါတယ်။တစ်ယောက်ကို ဖဲနှစ်ချပ်စီ အရင်၀ေပြီး စိတ်တိုင်းမကျရင် နောက်တစ်ချပ် ထပ်ဆွဲနိုင်တယ်နော်။အနည်းဆုံး 4ပေါက်ရှိရမှာဖြစ်ပြီး 4ပေါက်ထပ်ငယ်ရင် နောက်တစ်ချက်က မဖြစ်မနေ ဆွဲပေးရမှာပါ။ဖဲချပ်ပေါင်းလို့ 8+8 =16 ရတယ်ဆိုရင် 6ဆိုတဲ့အနောက်က နံပါတ်ကို ယူပါတယ် အနောက်နံပါတ်တူနေခဲ့မယ်ဆိုရင် အနိုင်အရှုံးကို ၂ချပ်သမားလား ၃ချပ်သမားလားကြည့်ရတယ်။ရှစ်ပေါက်နဲ့ ကိုးပေါက်ကျရင် “ဒို”ပြီဆိုပြီး ဖဲလှန်ပြရတယ်။ဒိုင်ဖက်က 8 “ဒို” ရခဲ့ရင် ၀ိုင်းထဲမှာ 9 “ဒို” သမားပါလာရင် အဲ့တစ်အိမ်ကိုလျော်ပြီး ကျန်တဲ့တစ်၀ိုင်းလုံးကို သိမ်းနိုင်ပါတယ်။

ဒိုင်ဘယ်လိုလုပ်မလဲ

ဒိုင်အဖြစ်လုပ်ရမဲ့ စည်းကမ်းကတော့

  • ကစားသမားတစ်ယောက်ခြင်း အလှည့်ကျ လုပ်ဆောင်ခွင့် ရှိပါတယ်။
  • ဒိုင်ဖြစ်သူက ထိုးသားတွေရဲ့ လောင်းကြေးထက် 10ဆ ရှိရပါမယ်။
    ဥပမာ – 500 ကြေးဆိုရင် ဒိုင်က 5,000 ရှိရပါမယ်။
  • ဒိုင်လက်ထဲက ပိုက်ဆံ 5,000 ကနေ (3ဆ) 15,000 ဖြစ်သွားရင် ဝမ်တိန် (Warning) စခေါ်လို့ရပါပြီ။
  • ဝမ်တိန်ခေါ်ပြီး 3ပွဲဆော့ပေးရပါတယ်။
  • 2ပွဲပြီးလို့ ဒိုင်ဖြစ်သူရဲ့လက်ထဲမှာ လျော်စရာမရှိတော့ရင် ကစားပွဲကပြီးသွားပါပြီ။
  • နောက်ဆုံး3ပွဲမြောက် ဝမ်တိန်ပြီးသွားတဲ့အခါ ဒိုင်လက်ထဲမှာ ပိုက်ဆံကျန်နေသေးရင် ဒိုင်ဖြစ်သူမှ အကုန် ရရှိမှာဖြစ်ပါတယ်။

‘ပါဝါ’ သတ်မှတ်ပုံ

အပေါက်ခြင်းတူနေတဲ့ အခါမှာ ပါဝါ ကို ယှဉ်ရပါတယ်။
ပါဝါကို 10, J, Q, K, A အတိုင်း ကြီးစဉ်ငယ်လိုက်အတိုင်း စီရတယ်။
ပါဝါတူနေရင် အပွင့်ကို Spade (စပိတ်) > Heart (ဟက်) > Diamond (ဒေါင့်) > Club (ညှင်း) အတိုင်း ကြီးစဥ်ငယ်လိုက်ဖြင့် စီပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရပါတယ်။

ပါဝါ

A >

K >

Q >

J >

10

အပွင့်

Spade Symbol
Heart
Diamond Symbol
Clover Symbol

‘ဆ’ သတ်မှတ်ပုံ

ရှမ်းကိုးမီးမှာဆကို နှစ်ဆ ၊ သုံးဆ ၊ ငါးဆ ဆိုပြီးသတ်မှတ်ကြတယ်။
အပွင့်တူ နှစ်ချပ်ရှိရင် နှစ်ဆ ရပါတယ်။
အပွင့်တူ သုံးချပ်ရှိရင် သုံးဆ ရပါတယ်။
အချပ်ရေ သုံးလုံးတူရင် ငါးဆရပါတယ်။

အပွင့်တူ (၂) ချပ်

၂ ဆ

အပွင့်တူ (၃) ချပ်

၃ ဆ

ဂဏန်းတူ အပွင့်တူ သုံးလုံး

၅ ဆ

ရှမ်းကိုးမီး သမိုင်းကြောင်း

ရှမ်းကိုးမီးဟာ မြန်မာ့ရိုးရာ ဖဲကစားနည်းတစ်ခုဖြစ်ပြီး သမိုင်းကြောင်း မှတ်တမ်းကို အတိအကျမသိရပေမယ့် ရှမ်းလူမျိုးများ စတင်ကစားလာခဲ့တယ်လို့ ဆိုပါတယ်။ကျွန်တော်တို့ လေ့လာတွေ့ရှိထားတဲ့ အချက်လက်တွေအရ ရှမ်းပြည်ဒေသရဲ့ ယဉ်ကျေးမှု၊ လူမှုရေးဘဝတွေနဲ့ သက်ဆိုင်တဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းတွေ အတူတူ စုပေါင်းပြီး ဖဲကစားခြင်းအားဖြင့် ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေပါတယ်။ရှမ်းကိုးမီးဖဲဂိမ်းဟာ ရှမ်းပြည်ဒေသကနေ မြန်မာနိုင်ငံတစ်ဝန်း ပျံ့နှံသွားခဲ့ပြီး လူတိုင်းကြိုက်တဲ့ ကစားနည်းလေး ဖြစ်လာပါတယ်။